You are here: Home
  • Increase font size
  • Default font size
  • Decrease font size
Search

ECDF Burma

JA slide show
 

မူလစာမျက်နှာ

Jul28

သိမ်းဆည်းခံ ယာမြေများ ပြန်လည်ရရှိရေး တောင်းဆို ဆန္ဒထုတ်ဖော်နေသည့် တောင်သူများ၏ သပိတ်စခန်းအား ဇူလိုင် ၂၈ ရက် (ယနေ့) နံနက်အစောပိုင်းတွင် ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်း

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သိမ်းဆည်း မြေယာပြဿနာများနှင့် ပတ်သက်၍ တောင်သူများအား တရားစွဲဆို ထောင်ဒဏ်ချမှတ် ခံနေရမှုများ၊ မြေယာစိစစ်ရေး ကော်မတီများ ပြန်လည်ပြင်ဆင် ဖွဲ့စည်းပေးရေး အပါအဝင် သိမ်းဆည်းယာမြေများ အမြန်ဆုံးပြန်လည် ရရှိရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ဒေသခံတောင်သူများ တောင်းဆို ဆန္ဒထုတ်ဖော်နေသည့် သပိတ်စခန်းအား ဇူလိုင် ၂၈ (ယနေ့) နံနက် ၂ နာရီအချိန်ခန့်တွင် ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွင်းမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၆ ရက်မှ စတင်ကာ မန္တလေးမြို့ ၆၂ လမ်း၊ ၂၄ လမ်းနှင့် ၂၅ လမ်းကြားတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ယာမြေသိမ်းဆည်းခံ တောင်သူများက သပိတ်စခန်းဖွင့် တောင်းဆိုဆန္ဒ ထုတ်ဖော်နေကြခြင်း ဖြစ်သည်။......အပြည့်အစုံသို့

 
Jul24

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမည်ဆိုလျှင် ကျန်ရှိသည့်စီမံကိန်းများပါ ဖျက်သိမ်းပေးရန် လိုအပ်သည်ဟု KDNG ပြော

မြစ်ဆုံရေကာတာ စီမံကိန်းအား ထာဝရရပ်ဆိုင်းလိုက်မည်ဆိုလျှင် မြစ်ဆုံ၏မြစ်ညာမြစ်ဝှမ်းဒေသများတွင် ပြုလုပ်ရန်စီစဉ်ထားသည့် အကြီးစား၊ အသေးစား၊ အလတ်စား ရေကာတာ ၁၄ ခု ဆောက်လုပ်မည့်စီမံကိန်း များကိုပါ ရပ်ဆိုင်းပေးရန် လိုအပ်သည်ဟု ကချင်လူမှုဖွံဖြိုးတိုးတက်ရေးအဖွဲ့ (KDNG)မှ အတွင်းရေးမှူးကိုစား ဂျီက မြစ်ကြီးသတင်းဂျာနယ်သို့ ပြောသည်။

ရေကာတာများ ဆောက်လုပ်မည့်စီမံကိန်းအား မေခ၊ မလိခမြစ်လက်တက်မှ ငေါ့ချမ်းခကျေးရွာအထိ စုစု ပေါင်းရေကာတာ အကြီး၊ အလတ်၊ အသေး ၁၅ ခု တည်ဆောက်သွားရန် လျာထားသည်ဟု သိရပြီး ထိုစီမံ ကိန်းများကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပါက ဒေသခံပြည်သူများ အခက်အခဲများစွာ ကြုံ တွေ့ရနိုင်သည့်အပြင် သဘာဝပတ်ဝန်းကျင်လည်း ထိခိုက်ပျက်စီးနိုင်သည်ဟု ကိုစားဂျီကဆိုသည်။.............အပြည့်အစုံသို့

 
Jul24

သိမ်းဆည်းလယ်ယာမြေများ ပြန်လည်ရရှိရေး လူ ၁၀၀ ခန့် သထုံတွင် ဆန္ဒပြ

မွန်ပြည်နယ်၊ သထုံမြို့မှာ သိမ်းဆည်းခံလယ်ယာမြေတွေ ပြန်လည်ရရှိရေးနဲ့ တရားဥပဒေစိုးမိုးမှု ရရှိစေရေးတို့အတွက် လူအင်အား ၁၀၀ လောက် ဇူလိုင် ၂၃ ရက်နေ့ မနက် ၁၀ နာရီလောက်က ငြိမ်းချမ်းစွာချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲဦးဆောင်သူ ကိုနေဝင်းထွန်းက “သထုံမှာ ကျေးရွာတချို့က လယ်ယာမြေတွေကို ၁၉၉၇ ဝန်းကျင်လောက်ကတည်းက စက်မှု ၂ ရယ်၊ ၅၀၂ အမြှောက်တပ်ရယ်သိမ်းထားကြတာ။ သိမ်းထားတဲ့မြေတွေ ပြန်စွန့်လွှတ်တယ်လို့ သိရတယ်။ ဒါပေမယ့် မူလအသိမ်းခံထားရ သူရဲ့ လက်ထဲမရောက်သေးဘူး။ မြေယာကိစ္စနဲ့ပတ်သက်ပြီး ပိုင်ဆိုင်မှုတွေ အငြင်းပွားတဲ့နေရာတွေမှာ..............အပြည့်အစုံသို့

 
Jul24

လူထု အသံနားထောင်ရန် NLD အစိုးရအား မွန်ဒေသခံများ တောင်းဆို

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ( NLD )အစိုးရအနေဖြင့် လူထုက ရွေးကောက်တင်မြှောက်ထားသည့် အစိုးရ ဖြစ်သည့်အတွက် ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံကိစ္စတွင် လူထု၏ အသံကိုနားထောင်ပေးရန် မွန်ပြည်နယ်ရှိ ဒေသခံများက တောင်းဆိုလိုက်သည်။

ဇူလိုင်လ ၂၁  ရက်နေ့တွင် ဒေသခံများမှ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ကျောက်မီးသွေးသုံးပြီး လည်ပတ်နေသည့် မော်လမြိုင် ဘိလပ် မြေစက်ရုံ Mawlamyine Cement Ltd. (MCL) ကိုကန့်ကွက် ဆန္ဒပြ ထုတ်ဖော်ရာတွင် တောင်းဆိုလိုက်ခြင်းဖြစ်သည်။..............အပြည့်အစုံသို့

 
Page 5 of 112

တိုင်းရင်းသားများ၏ ရိုးရာဓလေ့ ထုံးတမ်းမြေယာစီမံခန့်ခွဲရေး

မိန့်အာဏာဖြင့် ဇီဝလောင်ဆာထုတ်လုပ်ခြင်း

Click

အဖွဲ့ဝင်ဆိုက်များ

Facebook


လှုပ်ရှားမှုများ

Loading script and Flickr images

ဒါဟာလူထုအတွက်လား

တိုင်းရင်းသားများ၏ ရိုးရာဓလေ့ ထုံးတမ်းမြေယာစီမံခန့်ခွဲရေးမှတ်တမ်း

Karen People Forum (by KORD)

အဖွဲ့ဝင်ထုတ်ပြန်ချက်

Tiger အာဏာရှင်များ၊ စီးပွားရေးသမားများနှင့် ကျားများ
Untitled အမှောင်လွှမ်းနေသောချိုင့်ဝှမ်း
developmentကချင် “ဖွံ့ဖြိုးတိုးတက်ရေး” မှ ကြုံတွေ့ရသော သင်ခန်းစာများ