You are here: Home
  • Increase font size
  • Default font size
  • Decrease font size
Search

ECDF Burma

JA slide show
 

မူလစာမျက်နှာ

Jul21

သီပေါတွင် ကျောက်မီးသွေး တူးဖော်မှုကြောင့် လယ်မြေများအဆိပ်သင့်ဟု အစီရင်ခံစာ ထွက်ပေါ်

ရှမ်းပြည်နယ် သီပေါမြို့နယ်တွင် ငွေရည်ပုလဲ ကုမ္ပဏီက လုပ်ကိုင်နေသော ကျောက်မီးသွေး တူးဖော်ရေး လုပ်ငန်းများ သည် လယ်ယာမြေများကို အဆိပ်သင့်ပျက်စီးစေပြီး ဒေသခံ ၃၀၀၀ ကျော်၏ လူမှုဘဝများကို ဆိုးဆိုးရွားရွား ထိခိုက်စေသည် ဟု ကျောက်မီးသွေးမိုင်းကြောင့် ထိခိုက်ရသော ဒေသခံ လယ်သမားများကို ကိုယ်စားပြုသည့် အဖွဲ့တခုက မကြာသေးမီက ထုတ်ပြန်သည့် အစီရင်ခံစာ တစောင်အရ သိရသည်။

ယင်း ကုမ္ပဏီသည် ၂၀၀၄ ခုနှစ်မှ စတင်ပြီး နမ့်မကျေးရွာ အုပ်စုတွင် ကျောက်မီးသွေး တူးဖော်နေခြင်း ဖြစ်ပြီး လုပ်ငန်းများ ရပ်တန့်ရန် ဒေသခံများ၏ တောင်းဆိုမှုများကို ယခုတိုင် လျစ်လျူရှုနေဆဲ ဖြစ်ကာ မကြာသေးမီ နှစ်များ အတွင်း လုပ်ငန်းများ ကိုပင် သိသိသာသာ တိုးချဲ့ခဲ့သည်။.....အပြည့်အစုံသို့

 
Jul19

မြေယာဝယ်ယူရန် ဒေသခံပြည်သူများ၏ ဆန္ဒအတိုင်း လုပ်ဆောင်ခြင်းမရှိပါက ဥပဒေနှင့်အညီ ကန့်ကွက်သွားမည်

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် ကျင်းဒွေးသေဒ စံပေါ်ရိုးမြေယာ ၁၆၉၇ ဧကအား MONE CHOUNG Co.Ltd မှ ဝယ်ယူရန် စီစဉ်မှုအပေါ် ဒေသခံပြည်သူများ၏ သဘောထားဆန္ဒအတိုင်း လုပ်ငန်းဖော်ဆောင်ခြင်းမရှိပါက ဒေသခံပြည်သူလူထု အားလုံးပါဝင်သော ဆန္ဒဖော်ထုတ်ရန်နှင့် အစိုးရအဆင့်ဆင့်သို့ တည်ဆဲဥပဒေနှင့်အညီ ကန့်ကွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

အဆိုပါ စံပေါ်ရိုးမြေယာ ၁၆၉၇ ဧကအား Agar Land Co.Ltd မှ ဝယ်ယူရန်စီစဉ်နေသည့်အပေါ် Chinland Natural Resources Watch Group နှင့် Moneland Development Natural Resource Conservation Organization ဦးဆောင်ပြီး ကျင်းဒွေး ကျေးရွာအခြေပြု၊ အနီးအနားရွာများဖြစ်သော ထန်းကုန်းရွာ၊ ဟုတ်ပုံကျင်းရွာ၊ ဖုန်းဒွေးကျင်းရွာ၊ အောက်လှယ်ရွာ နှင့် ရှိနှော့ ကျင်းရွာများမှ အုပ်ချုပ်ရေးမှူးများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် တက်ကြွလုပ်ရှားနေသော လူငယ်များ မေလ ၂၅ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးပွဲဲပြုလုပ်ကာ ချင်းပြည်နယ်အစိုးရထံ သဘောထား ထုပ်ပြန်ချက် ပေးပို့ခဲ့သည်။.....အပြည့်အစုံသို့

 
Jul19

မန္တလေးတိုင်းအတွင်း ၈၈ မတိုင်မီသိမ်းဆည်းခံ လယ်ယာမြေများနှင့်ပတ်သက်၍ ဖြေရှင်းပေးမည်မဟုတ်ဟုဆို

မန္တလေးတိုင်းအတွင်း ရှိ သိမ်းဆည်းခံလယ်ယာမြေများ တွင် ၁၉၈၈ ရှေ့ပိုင်းပြဿနာများ နှင့် ပတ်သက်၍ ဖြေရှင်းပေးမည် မဟုတ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဒေါက်တာစိုးသန်း က ပြောသည်။

၁၉၈၈ ရှေ့ပိုင်းသိမ်းဆည်း ခံလယ်မြေပြဿနာဖြစ်ပွားမှုသည် နည်းပါးသော်လည်း တိုင်းအစိုးရ အဖွဲ့က မူဘောင်တစ်ခုချမှတ်ခဲ့ ပြီး သိမ်းဆည်းခံလယ်ယာမြေများ စိစစ်ရေးကော်မတီက စိစစ်မည် မဟုတ်ဟုဆိုသည်။............အပြည့်အစုံသို့

 
Jul17

လားရှိုးတွင် သိမ်းဆည်းခံမြေယာများ ပြန်လည်ရရှိရေး ရွာသား ၄၀၀ ကျော် ဆန္ဒပြ

လားရှိုးမြို့နယ် နမ့်ပေါင်နဲ့ ခေးနင်းကျေးရွာအုပ်စုက ရွာသား ၄၀၀ ကျော်ဟာ လွန်ခဲ့တဲ့ ဆယ်ငါးနှစ်က စစ်အစိုးရလက်ထက်မှတဆင့် ဒီနေန့ထိ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေက အဆင့်ဆင့် လက်ဝေခံ သိမ်းယူထားတဲ့ မြေယာတွေ ပြန်ရရေး ဒီကနေ့ မနက်က ဆန္ဒပြခဲ့ကြ ပါတယ်။

အဆိုပါကျေးရွာအုပ်စုတွင်းရှိ မြေဧကပေါင်း ၂၀၀ ကျော်ကို ယခင်စစ်အစိုးရလက်ထက်က ကြက်ဆူပင်စိုက်ပျိုးရေးစီမံကိန်းအတွက် သိမ်းယူခဲ့ပြီး ဦးသိန်းစိန်အစိုးရတက်လာပြီးတဲ့နောက် သိမ်းထားပြီး အသုံးမပြုတဲ့မြေတွေ ပြန်စွန့်ပေးဖို့ ဥပဒေပေါ်ထွက်လာပေမယ့် အောက်ခြေ ဝန်ထမ်းတွေက ပြန်မပေးဘဲ အခကြေးငွေယူပြီး တောင်သူလယ်သမားတွေကို ပြန်ငှားခဲ့ကြောင်း၊ အဲဒီနောက် ဦးဌေးလွင်ဆိုသူက ရွာသားတွေရဲ့မြေတွေပြန်ရရေး  အထက်ကို အဆင့်ဆင့်တင်ပြလို့ မြေတွေ ပြန်ရခဲ့ကြောင်း TYO ခေါင်းဆောင် စိုင်းဟန်က ဒီဗွီဘီကို ပြောပါတယ်။.......အပြည့်အစုံ့သို့

 
Page 6 of 112

တိုင်းရင်းသားများ၏ ရိုးရာဓလေ့ ထုံးတမ်းမြေယာစီမံခန့်ခွဲရေး

မိန့်အာဏာဖြင့် ဇီဝလောင်ဆာထုတ်လုပ်ခြင်း

Click

အဖွဲ့ဝင်ဆိုက်များ

Facebook


လှုပ်ရှားမှုများ

Loading script and Flickr images

ဒါဟာလူထုအတွက်လား

တိုင်းရင်းသားများ၏ ရိုးရာဓလေ့ ထုံးတမ်းမြေယာစီမံခန့်ခွဲရေးမှတ်တမ်း

Karen People Forum (by KORD)

အဖွဲ့ဝင်ထုတ်ပြန်ချက်

Tiger အာဏာရှင်များ၊ စီးပွားရေးသမားများနှင့် ကျားများ
Untitled အမှောင်လွှမ်းနေသောချိုင့်ဝှမ်း
developmentကချင် “ဖွံ့ဖြိုးတိုးတက်ရေး” မှ ကြုံတွေ့ရသော သင်ခန်းစာများ