You are here: Home
  • Increase font size
  • Default font size
  • Decrease font size
Search

ECDF Burma

JA slide show
 

မူလစာမျက်နှာ

Jun05

သံလွင်မြစ်အတွင်း ရေကာတာ တည်ဆောက်မည့် စီမံကိန်းကို ကန့်ကွက်ဆွေးနွေးပွဲပြုလုပ်

ဒေသခံများ ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်၍ သံလွင်မြစ်အတွင်း ရေကာတာ တည်ဆောက်မည့် စီမံကိန်းအပေါ် ကန့်ကွက်သည့် ဆွေးနွေးပွဲကို ‘ကျွန်ုပ်တို့ သံလွင်မြစ်’အမည်ဖြင့် တောင်ကြီးမြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းခန်းမတွင် ကျင်းပခဲ့သည်။ဇွန်လ ၄ ရက်တွင် ပြုလုပ်ခဲ့သည့် အဆိုပါဆွေးနွေးပွဲကို မိုင်းပန်လူငယ်အဖွဲ့၊ သံလွင်သားချင်းအဖွဲ့နှင့် မြန်မာလူထုမဟာမိတ် (ရှမ်းပြည်)အဖွဲ့တို့က ပူးပေါင်း စီစဉ်ကျင်းပခဲ့ပြီး သံလွင်မြစ်အ တွင်း ရေကာတာတည်ဆောက်မည့်စီမံကိန်းကြောင့် ဖြစ်ပေါ်လာ နိုင်သည့် ထိခိုက်ခံစားရမည့် ဆိုး ကျိုးများကို ဒေသခံပြည်သူများ သိရှိစေရန် ရည်ရွယ်၍ ဆွေးနွေး ပွဲပြုလုပ်ရခြင်း ဖြစ်သည်ဟု ပွဲစီစဉ်သူများက ပြောသည်။.......အပြည့်အစုံသို့

 
Jun05

ကညင်ဆည် ရေပေးမြောင်းတွင် ပါဝင်ခဲ့သည့်လယ်ယာမြေများ လျော်ကြေး မရရှိသဖြင့် တောင်သူ ၂၄၁ ဦး နိုင်ငံတော်သမ္မတထံ တိုင်ကြား

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ကညင်ဆည် ရေပေးမြောင်းတည်ဆောက်ရာတွင် ပါဝင်ခဲ့သည့် လယ်ယာများအတွက် မြေလျော်ကြေး မရရှိသေးသဖြင့် နစ်နာသူ တောင်သူ ၂၄၁ ဦးက နိုင်ငံတော်သမ္မတထံ တိုင်ကြားခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ်က တည်ဆောက်ခဲ့သည့် ကညင် ရေလှောင်တမံစီမံကိန်း၏ ရေပေးမြောင်းများ ဖောက်လုပ်ရာတွင် လယ်ယာမြေများ ဆုံးရှုံးခဲ့သည့် လယ်ယာ ၂၅၆ ဒသမ ၁၀ ဧကအတွက် နစ်နာကြေးများ မရရှိသေးသောကြောင့် နိုင်ငံတော်သမ္မတထံ မေ၃၀ ရက်က တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။.......အပြည့်အစုံသို့

 
May26

တပ်ပိုင်အဖြစ် စည်းရိုးခတ်ခဲ့သည့် နမ့်ကုံးရေကန်ကို ဒေသခံများ ပြန်ပေးရန် တောင်းဆို

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီးမြို့ပေါ်မှာ ဒေသခံတွေ အသုံးပြုနေတဲ့ နမ့်ကုံးရေကန်ကြီးကို ခလရ ၁၃၁ မြန်မာ့တပ်မတော်က တပ်ပိုင်မြေအဖြစ် စည်းရိုးကာ ထားတာကြောင့်  ဒေသခံတွေက ပြန်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အဆိုပါရေကန်မှာ ကျေးသီးမြို့သူမြို့သား ထက်ဝက်ကျော်က  ရှေးယခင် ဘိုးဘွား အဆက်ဆက်ကတည်းက  သောက်ရေ၊ သုံးရေအဖြစ် အသုံးပြုခဲ့ကြပြီး ဒီနှစ်ထဲ စစ်တပ်က စည်းရိုးခတ်လာတာကြောင့် အများပိုင်ရေကန်အဖြစ် ပြန်ပေးဖို့  ဒီကနေ့မနက်ပဲ သက်ဆိုင်ရာ တပ်ရင်းနဲ့ မြို့နယ်အုပ်ချုပ်ရေးရုံးကို တောင်းဆိုစာ ပေးပို့ခဲ့တယ်လို့  ကျေးသီးလူငယ်အဖွဲ့မှ စိုင်းသာလင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။ .....အပြည့်အစုံသို့

 
May26

မိုင်းကိုင်ကျောက်မီးသွေးမိုင်း ဆန္ဒပြ

ရှမ်းပြည်နယ်၊ မိုင်းကိုင် မြိုနယ်ထဲ တူးဖော်နေတဲ့ ကျောက်မီးသွေး မိုင်းတွင်းတွေကို ရပ်တန့် ပေးမယ် ဆိုတဲ့ လုပ်ငန်းရှင်တွေရဲ့ ကတိစကား ပျက်ကွက် နေတယ်လို့ ဒေသခံတွေက ပြောနေပါတယ်။

အဲဒီ့ မိုင်းတွင်းတွေကြောင့် ပတ်ဝန်းကျင် မြစ်ချောင်းတွေကို ပျက်စီး စေတယ် ဆိုပြီး ပြီးခဲ့တဲ့ သီတင်းပတ် ထဲက မိုင်းကိုင်မြို့ပေါ် လူတွေ သောင်းနဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။......အပြည့်အစုံသို့

 
Page 8 of 112

တိုင်းရင်းသားများ၏ ရိုးရာဓလေ့ ထုံးတမ်းမြေယာစီမံခန့်ခွဲရေး

မိန့်အာဏာဖြင့် ဇီဝလောင်ဆာထုတ်လုပ်ခြင်း

Click

အဖွဲ့ဝင်ဆိုက်များ

Facebook


လှုပ်ရှားမှုများ

Loading script and Flickr images

ဒါဟာလူထုအတွက်လား

တိုင်းရင်းသားများ၏ ရိုးရာဓလေ့ ထုံးတမ်းမြေယာစီမံခန့်ခွဲရေးမှတ်တမ်း

Karen People Forum (by KORD)

အဖွဲ့ဝင်ထုတ်ပြန်ချက်

Tiger အာဏာရှင်များ၊ စီးပွားရေးသမားများနှင့် ကျားများ
Untitled အမှောင်လွှမ်းနေသောချိုင့်ဝှမ်း
developmentကချင် “ဖွံ့ဖြိုးတိုးတက်ရေး” မှ ကြုံတွေ့ရသော သင်ခန်းစာများ