You are here: Home
  • Increase font size
  • Default font size
  • Decrease font size
Search

ECDF Burma

JA slide show
 

မူလစာမျက်နှာ

May23

အင်းတကော်တွင် ကုမ္ပဏီနှင့် လယ်သမား ခိုက်ရန်ဖြစ်၊ လယ်သမား ၁ ဦးသေဆုံး

ပဲခူးတိုင်းဒေသကြီး အင်းတကော်မြို့နယ် ဆပ်အင်းကျေးရွာရှိ လယ်ယာမြေပေါ်မှာ စိမ်းလဲ့မြေကုမ္ပဏီက ခြံစည်းရိုးကျောက်တိုင် စိုက်ထူရာကအစပြုလို့ ခိုက်ရန်ဖြစ်ပွားပြီး လယ်သမားတဦး အသက်သေဆုံးခဲ့ရပါတယ်။

ဆပ်အင်းကျေးရွာ ကွင်းအမှတ် (၁၁၇၇) ဦးပိုင်အမှတ် (၂၁/၃) ထီဖါးတို အနောက်မြောက်ကွင်း လယ်ယာမြေ ၁၅ ဧကထဲမှာ မေ ၇ ရက်နေ့က စိမ်းလဲ့မြေကုမ္ပဏီက မန်နေဂျာ ဦးအောင်လှိုင်ဦးနဲ့အဖွဲ့က ခြံစည်းရိုးကျောက်တိုင် ဝင်ရောက်စိုက်ထူကြပါတယ်။ ဒါကို မူလလုပ်ကိုင်နေတဲ့ တောင်သူမိသားစုဝင်တွေက တားမြစ်ရာကနေ အချေအတင်ဖြစ်ပြီး ခိုက်ရန်ဖြစ်ပွားခဲ့ကြတာပါ။....အပြည့်အစုံသို့

 
May18

လဲချားတွင် တပ်သိမ်းမြေ ဧက ၁၀၀ ကျော် ပြန်ပေးရန် စီစဉ်

လဲချားမှာ နယ်မြေအခြေစိုက် စစ်တပ်က သိမ်းထားတဲ့ မြေတွေထဲက မြေဧက ၁၀၀ ကျော်ကို ဒေသခံတွေကို ပြန်ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

သျှမ်းပြည်တောင်ပိုင်းလဲချားမြို့နယ် အမှတ် ၅၁၅ တပ်ရင်းကနေ တပ်တည်ဆောက်ဖို့ ဆိုပြီး ၁၉၉၀ ပြည့်နှစ်ကျော်ကာလက ဒေသခံတွေရဲ့ လယ်ယာမြေတွေကို သိမ်းယူခဲ့တာဖြစ်ပြီး အဲဒီထဲကနေမှ မြေဧက ၁၈၄ ဧက ကို ပြန်ပေးဖို့ အတွက် တပ်က တာဝန်ရှိသူတွေနဲ့ လဲချားမြို့က......အပြည့်အစုံသို့

 
Apr25

တပ်ပိုင်မြေအဖြစ် သိမ်းယူခံရခြင်းကို ပယ်ဖျက်ပေးရန် ဒေသခံများ တောင်းဆို

နေပြည်တော်ကောင်စီနယ်မြေအတွင်း ၂ဝ၁ဝပြည့်နှစ်တွင် တပ်ပိုင်မြေအဖြစ် သိမ်း
ဆည်းခံခဲ့ ရသည့် လွှဲကြီးကျေးရွာသားများပိုင် မြေ ၂၅ ဧကကို ပလပ်မြေအဖြစ် ပြန်လည်စွန့်
လွှတ်ရန်နှင့် တရားဝင်အမည်ပေါက်ကျေးရွာအဖြစ် သတ်မှတ်ပေးရန် လွှဲကြီးကျေးရွာသား
များက တောင်းဆိုထားသည်။

လွှဲကြီးကျေးရွာသားများကို ကျူးကျော်သူအဖြစ် သတ်မှတ်ကာ ဧပြီ ၃ဝ ရက်နောက်ဆုံးထား
ပြောင်းရွှေ့ပေးရန် ခြေလျင်တပ်ရင်း ခလရ (၁၂၂) က ပြီးခဲ့သည့်လတွင်အကြောင်းကြားထား
သည်ဟု ဧပြီ ၂၃ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် လွှဲကြီးကျေးရွာ
သားများက ပြောကြားသည်။......အပြည့်အစုံသို့

 
Mar21

တပ်သိမ်းမြေပြန်ရရှိရေး တောင်ငူမြို့တွင် တောင်သူများ ငြိမ်းချမ်းစွာဆန္ဒပြ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ထဲက လယ်ယာမြေ သိမ်းဆည်းခံထားရတဲ့ တောင်သူတွေနဲ့ တရားစွဲဆိုခံထားရတဲ့ မူလတောင်သူတွေ စုပေါင်းပြီး လယ်ယာမြေပြန်လည်ရှိရေးအတွက် ဒီကနေ့မနက်က တောင်ငူမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။

တောင်ငူမြို့နယ် မဟင်ကျေးရွာအုပ်စု ကွင်းအမှတ်-၅၃၁(က)က လယ်ယာမြေ ၃၈၉၂ ဧကကို တောင်ငူလေတပ်တည်ဆောက်ဖို့အတွက် ၁၉၉၀ ပြည့်နှစ်လောက်ကတည်းက သိမ်းယူသွားခဲ့တာဖြစ်ပြီး လယ်သမား ၅၉ ဦး ပိုင်ဆိုင်တဲ့ အသုံးမပြုတဲ့ လယ်ယာမြေ ၃၄၅ ဒသမ ၅၀ ဧကကို တောင်သူတွေက ပြန်လည်တောင်းဆိုနေတာပါ။...အပြည့်အစုံသို့

 
Page 9 of 112

တိုင်းရင်းသားများ၏ ရိုးရာဓလေ့ ထုံးတမ်းမြေယာစီမံခန့်ခွဲရေး

မိန့်အာဏာဖြင့် ဇီဝလောင်ဆာထုတ်လုပ်ခြင်း

Click

အဖွဲ့ဝင်ဆိုက်များ

Facebook


လှုပ်ရှားမှုများ

Loading script and Flickr images

ဒါဟာလူထုအတွက်လား

တိုင်းရင်းသားများ၏ ရိုးရာဓလေ့ ထုံးတမ်းမြေယာစီမံခန့်ခွဲရေးမှတ်တမ်း

Karen People Forum (by KORD)

အဖွဲ့ဝင်ထုတ်ပြန်ချက်

Tiger အာဏာရှင်များ၊ စီးပွားရေးသမားများနှင့် ကျားများ
Untitled အမှောင်လွှမ်းနေသောချိုင့်ဝှမ်း
developmentကချင် “ဖွံ့ဖြိုးတိုးတက်ရေး” မှ ကြုံတွေ့ရသော သင်ခန်းစာများ