You are here: Home
  • Increase font size
  • Default font size
  • Decrease font size
Search

ECDF Burma

JA slide show
 

မူလစာမျက်နှာ

Aug14

ကုမ္ပဏီများက သိမ်းဆည်းထားသည့် လယ်ယာမြေများ ပြန်လည်ရရှိရေး ဒေသခံတောင်သူ ၂၀၀ ကျော် ထီးချိုင့်မြို့တွင် ဆန္ဒထုတ်ဖော်

စစ်ကိုင်းတိုင်းဒေသကြီး ကသာနှင့် ထီးချိုင့်တွင် ကုမ္ပဏီ များက သိမ်းဆည်းထားသည့် လယ်မြေဧက  တစ်သောင်းခွဲ ကျော် ပြန်လည်ရရှိရေး ဒေသခံ တောင်သူ ၂၀၀ ကျော်က ဩဂုတ် ၁၃ ရက်တွင် ထီးချိုင့်မြို့၌ ဆန္ဒ ထုတ်ဖော်ခဲ့သည်။

ကျေးရွာအုပ်စု ၁၇ ခုရှိ သိမ်း ဆည်းခံလယ်ယာမြေများကို လယ်ယာမြေစိစစ်ရေးကော်မတီ အနေဖြင့် စိစစ်ဆောင်ရွက်ပေး ကာ ဒေသခံတောင်သူများ လက် ဝယ်သို့ ပြန်လည်ပေးအပ်ရန် ဆန္ဒ ပြတောင်းဆိုခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးတင့် ဝေက ပြောသည်။............အပြည့်အစုံသို့

 
Aug10

၂၀၁၂ လယ်ယာမြေဥပဒေပြင်ဆင်ရေး တောင်သူများက လွှတ်တော်တွင် အချက်ငါးချက် တောင်းဆိုမည်ဟုဆို

၂၀၁၂ လယ်ယာမြေ ဥပဒေ ပြင်ဆင်ရေး အချက်ငါး ချက်ကို တိုင်းနှင့်ပြည်နယ် ၁၄ ခုရှိ တောင်သူများက လွှတ်တော်သို့ တင်ပြတောင်းဆိုမည် ဖြစ် ကြောင်း သတင်းရရှိသည်။

လယ်ယာမြေဥပဒေပြင်ဆင် ရေး ဆွေးနွေးပွဲကို ဩဂုတ် ၈ နှင့် ၉ ရက်များတွင် မန္တလေးမြို့ Hotel Mandalay ၌ ပြုလုပ်ခဲ့ရာ အချက်ငါးချက် တောင်းဆိုရန် သဘောတူညီမှု ရရှိကြောင်း ပွဲ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်က ပြောသည်။

လွှတ်တော်သို့ တင်ပြ တောင်းဆိုမည့် အချက်ငါးချက် တွင် ရွှေ့ပြောင်းတောင်ယာကိစ္စ များ၊ သိမ်းဆည်းခံလယ်ယာမြေ များ၌ တောင်သူများအပေါ် နစ်နာကြေးပေးချေရမည့် ကိစ္စများ၊ တောင်သူလယ်သမားဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ လယ်...............အပြည့်အစုံသို့

 
Aug09

မြန်မာနိုင်ငံတွင်း ဌာနေတိုင်းရင်းသားများ အခွင့်အရေး ချိုးဖောက်ခံနေရဟုဆို

မြန်မာနိုင်ငံတွင်း နှစ်ပေါင်းများစွာ ပြည်တွင်းစစ်ကြောင့် ငြိမ်းချမ်းမှုမရှိတဲ့ အနေအထားမှာ ဌာနေ တိုင်းရင်းသားအခွင့်အရေးတွေ ချိုးဖောက်ခံနေရဆဲပဲလို့ မြန်မာနိုင်ငံ ဌာနေတိုင်းရင်းသားများကွန်ရက် အမှုဆောင်အဖွဲ့ဝင် နော်အိအိမင်းက ပြောပါတယ်။

ဩဂုတ် ၉ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့မှာ ပြောဆိုလိုက်တာဖြစ်ပြီး ဌာနေတိုင်းရင်းသား အခွင့်အရေးနဲ့ ပတ်သက်ပြီး လက်တွေ့ကျကျ ခံစားရဖို့ အရေးကြီးနေတယ်လို့ ပြောပါတယ်။...........အပြည့်အစုံသို့

 
Aug08

ဘိုးဘွားပိုင်လယ်မြေ ပိုင်ဆိုင်မှု ဂရန်အမည်ပေါက်ဖြင့် လွတ်လပ်စွာ လုပ်ကိုင်လိုကြောင်း တောင်သူများဆို

ပေါင်မြို့နယ်၊ ထန်းပင်ချောင်ကြီးကျေးရွာတွင် ဆားကွင်းတိုးချဲ့လုပ်ကိုင်ရန်အတွက် သိမ်းဆည်း ခဲ့သော ၅၃၅ ဧကအား ပြန်လည်လုပ်ကိုင် ခွင့်ပေးရာ၌ လုပ်ငန်းခွင် ဟန့်တားမှုများရှိနေ၍ ပိုင်ဆိုင်မှု ဂရန်အမည် ပေါက်ဖြင့် လွတ်လပ်စွာလုပ်ကိုင်လိုကြောင်း ဇူလိုင်၃၁ ရက်နေ့တွင် တောင်သူများက ဟင်္သာမီဒီယာကို ပြောသည်။

“ ဘိုးဘွားပိုင်လယ်ကို ပြန်ပေးစဉ်အခါတုန်းက နိုင်ငံတော်ကနေ လက်ရောက်ပေးခဲ့တယ်ဆိုပြီး ဒီနေ့ချိန်ထိ ဆက်လုပ်ခဲ့ပါတယ်။ ........အပြည့်အစုံသို့

 
Page 2 of 111

တိုင်းရင်းသားများ၏ ရိုးရာဓလေ့ ထုံးတမ်းမြေယာစီမံခန့်ခွဲရေး

မိန့်အာဏာဖြင့် ဇီဝလောင်ဆာထုတ်လုပ်ခြင်း

Click

အဖွဲ့ဝင်ဆိုက်များ

Facebook


လှုပ်ရှားမှုများ

Loading script and Flickr images

ဒါဟာလူထုအတွက်လား

တိုင်းရင်းသားများ၏ ရိုးရာဓလေ့ ထုံးတမ်းမြေယာစီမံခန့်ခွဲရေးမှတ်တမ်း

Karen People Forum (by KORD)

အဖွဲ့ဝင်ထုတ်ပြန်ချက်

Tiger အာဏာရှင်များ၊ စီးပွားရေးသမားများနှင့် ကျားများ
Untitled အမှောင်လွှမ်းနေသောချိုင့်ဝှမ်း
developmentကချင် “ဖွံ့ဖြိုးတိုးတက်ရေး” မှ ကြုံတွေ့ရသော သင်ခန်းစာများ