You are here: Home
  • Increase font size
  • Default font size
  • Decrease font size
Search

ECDF Burma

JA slide show
 

မူလစာမျက်နှာ

Jan13

ယာမြေများကို မလွန်ကပစ သိမ်းယူထားမှုကြောင့် တောင်သူများ အခက်ကြုံ

မင်းလှမြို့နယ်၊ စစ္စနို့ကျေးရွာက တောင်သူတွေရဲ့ယာတွေကို မလွန်ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ-၂)က သိမ်းယူထားတဲ့အတွက် ဒေသခံတောင်သူတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။မလွန်ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂)က စစ္စနို့ကျေးရွာက တောင်သူတွေရဲ့ယာတွေကို ၁၉၉၂ ခုနှစ်က အဓမ္မသိမ်းယူခဲ့တာပါ။ တောင်သူတွေက သိမ်းယူထားတဲ့ မိမိယာတွေကို ပြန်လုပ်တဲ့အခါ သီးထောက်ခ (ဆပ်ကြေး) နှမ်းတခွဲပေးခဲ့ရတယ်လို့ဆိုပါတယ်။.....အပြည့်အစုံသို့

 
Jan12

လွှတ်တော်ရောက် မြေသိမ်းမှု၊ ပိုင်ရှင်တွေ အဖမ်းခံရ

ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်က လယ်ယာမြေ အငြင်းပွားမှုကို ကွင်းဆင်းစစ်ဆေး ပါမယ်လို့ ပြည်သူ့လွှတ်တော် မှာ ဆွေးနွေးခဲ့ပေမဲ့ ကွင်းဆင်း မစစ်ဆေး တဲ့အပြင်၊ မူလ ပိုင်ရှင်လယ်သမားနဲ့ သူ့သားနှစ်ဦး ဖမ်းဆီးခံရပြီး၊ ဇနီးဖြစ်သူ မှာလည်း ကျေးရွာအာဏာ ပိုင်တွေက ဖမ်းဆီးမယ်ခြိမ်းခြောက်တဲ့အတွက် တိမ်းရှောင်နေရတယ်လို့ လယ်သမား အကျိုးဆောင် ကွန်ရက်အဖွဲ့က ပြောပါတယ်။

ဝါးခယ်မမြို့နယ်၊ ဘိုးဘေးအညာစုကျေးရွာအုပ်စု၊ ဓနိချောင်းကျေးရွာက လယ်သမားကြီး ဦးရွှေချိန် ကမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်း ကို မနှစ်က စက်တင်ဘာလအတွင်း တင်ပြခဲ့တဲ့ လယ်ယာမြေ အငြင်းပွားနေ တဲ့ ကိစ္စကို အောက်တိုဘာလမှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး မှာ မေးမြန်းခဲ့တာလို့ တောင်သူ လယ်သမား အကျိုးဆောင် ကွန်ရက်အဖွဲ့က ဦးဇော်ရမ်းက ပြောပါတယ်။........အပြည့်အစုံသို့

 
Jan12

ရန်ကုန်-မန္တလေး အမြန်လမ်း လျော်ကြေးပေးရန် ကျန်ရှိလယ်မြေများ လာမည့်ဘဏ္ဍာနှစ်မှ ပေးမည်

နေပြည်တော် (မဇ္ဈိမ)။ ။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပေ ၄၀၀ အကျယ်အဝန်း သတ်မှတ်နိုင်ရေးအတွက် လမ်းနယ်နိမိတ်အတွင်း ပါဝင်သည့် လယ်ယာမြေနှင့် အခြားမြေဧက ၈,၀၀၀ ကျော်ကို လာမည့်ဘဏ္ဍာနှစ်မှသာ လျော်ကြေးပေးသွားမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာနက အမြန်လမ်းအတွက် ပေ ၄၀၀ အတွင်း ပါဝင်သည့် လယ်ယာမြေကို လျော်ကြေးပေးရာတွင် ပြင်ပပေါက်ဈေး ထက် ၁၀ ဆခန့် နည်းပါးသည်ဟု နေပြည်တော်ကောင်စီအတွင်းရှိ လယ်သမားများက မဇ္ဈိမကို ပြောသည်။......အပြည့်အစုံသို့

 
Jan12

ရန်ကုန်မြို့သစ် စီမံကိန်း ဖော်ထုတ်ပေးဖို့ ဆန္ဒပြ

ရန်ကုန်တိုင်းဒေသကြီး အစိုးရက ယာယီရပ်ဆိုင်းထား တဲ့ တွံတေး၊ ကြည့်မြင်တိုင် တဖက်ကမ်းနဲ့ ဆိပ်ကြီး ခနောင်တိုမြို့နယ်က ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ပေးဖို့ ဒေသခံ ၁ဝဝဝ ကျော်က သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဟစ်တိုင်ကွင်းမှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းကြောင့် အနီးပတ်ဝန်းကျင် က ကျေးရွာတွေဖံ့ြဖြိုးလာမယ်လို့ ယူဆတဲ့အတွက် အခုလို တောင်းဆိုတာဖြစ်တယ်လို့ တွံတေးမြို့နယ်၊ ခလောက်ချိုက်ရွာသား ဦးစိုးကြည်က ပြောပါတယ်။........အပြည့်အစုံသို့

 
Page 109 of 112

တိုင်းရင်းသားများ၏ ရိုးရာဓလေ့ ထုံးတမ်းမြေယာစီမံခန့်ခွဲရေး

မိန့်အာဏာဖြင့် ဇီဝလောင်ဆာထုတ်လုပ်ခြင်း

Click

အဖွဲ့ဝင်ဆိုက်များ

Facebook


လှုပ်ရှားမှုများ

Loading script and Flickr images

ဒါဟာလူထုအတွက်လား

တိုင်းရင်းသားများ၏ ရိုးရာဓလေ့ ထုံးတမ်းမြေယာစီမံခန့်ခွဲရေးမှတ်တမ်း

Karen People Forum (by KORD)

အဖွဲ့ဝင်ထုတ်ပြန်ချက်

Tiger အာဏာရှင်များ၊ စီးပွားရေးသမားများနှင့် ကျားများ
Untitled အမှောင်လွှမ်းနေသောချိုင့်ဝှမ်း
developmentကချင် “ဖွံ့ဖြိုးတိုးတက်ရေး” မှ ကြုံတွေ့ရသော သင်ခန်းစာများ