You are here: Home
  • Increase font size
  • Default font size
  • Decrease font size
Search

ECDF Burma

JA slide show
 

မူလစာမျက်နှာ

Aug18

MCL ဘိလပ်မြေစက်ရုံ၏ EIA,SIA ဆန်းစစ်ချက်အစီရင်ခံစာအား ဒေသခံများလက်မခံ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၌ တည်ဆောက်ထားသည့် မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL မှ ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ စစ်တမ်း EIA နှင့် လူမှုဝန်းကျင်ထိခိုက်မှုဆိုင်ရာ စစ်တမ်း SIA လေ့လာဆန်းစစ်ချက် အစီရင်ခံစာအား အများပြည်သူလူထုသို့ ချပြရှင်းလင်းပွဲပြုလုပ်ခဲ့ရာ ပျားတောင်ဒေသခံများ လက်မခံကြောင်း သိရသည်။

ပျားတောင်ဒေသ မယ်ဂရိုးကျေးရွာနေ နိုင်ရွေဝင်းက “သူတို့ရဲ့ EIA, SIA တွေမှားနေတာ သိနေတာပဲ၊ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့အစီရင်ခံစာထဲမှာ ပျားတောင်ဒေသက ကန့်ကွက်သူနဲ့ ထောက်ခံသူအခြေအနေက ....အပြည့်အစုံသို့

 
Aug17

တီကျစ်ကျောက်မီးသွေးဓါတ်အားစက်ရုံမှ စွန့်ပစ်ပြာများဖြင့်လမ်းခင်းနေမှုအပေါ် လူထုကျန်းမာရေးအတွက် လူမှုအသင်းအဖွဲ့စိုးရိမ်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် တီကျစ်ကျေးရွာအုပ်စုရှိ တရုတ်ကုမ္ပဏီမှ လုပ်ခွင့်ရထားသည့် ကျောက်မီးသွေးစက်ရုံမှ စွန့်ပစ်ပြာများကို ကျေးရွာအတွင်း လမ်းခင်းပေးနေခြင်းမှာ လူထုနှင့်တိရစ္ဆာန်များ၏ကျန်းမာရေးထိခိုက်မည်ကို စိုးရိမ်ရကြောင်း လူမှုအခြေပြု အသင်းအဖွဲ့က ပြောဆိုလိုက်ပါသည်။

တီကျစ်ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ပင်လောင်းမြို့၏ မြောက်ဘက်တွင်တည်ရှိပြီး ကျောက်မီးသွေးမှ စွန့်ပစ်ပြာများကို ပင်လောင်းမြို့နယ် သာယာကုန်းရွာ အပါအဝင် အခြားကျေးရွာ နှစ်ရွာကို လမ်းခင်းပေးနေခြင်းဖြစ်ကြောင်း မြန်မာလူထုမဟာမိတ် (သျှမ်းပြည်) က ကိုမိုးက ပြောသည်။......အပြည့်အစုံသို့

 
Aug17

လွိုင်ကော်မှာ ဘိလပ်မြေစက်ရုံတည်ဆောက်မှာကို ကန့်ကွက်

ကယားပြည်နယ် လွိုင်ကော်မြို့နယ် ချိကယ်ကျေးရွာမှာ တစ်ရက်ကို တန် ၄၀၀၀ ထွက်ရှိမယ့် ဘိလပ်မြေစက်ရုံ တည်ဆောက်မယ့် စီမံကိန်းကို ကန့်ကွက်ကြောင်း ကယားနိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက မနေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

စက်ရုံဟာ မြို့နဲ့နီးကပ်ပြီး ဘေးထွက်ဆိုးကျိုး ၁၀ ရာခိုင်နှုန်းရှိတယ်လို့ စက်ရုံက ပြောကြားထားပေမယ့် မြို့ခံလူထုက စိုးရိမ်ကြောင့်ကြတာကြောင့် ကန့်ကွက်ရတာဖြစ်တယ်လို့ ကြေညာချက်ထုတ်ပြန်ရာမှာပါဝင်တဲ့ ကယန်းအမျိုးသား ပါတီ ဥက္ကဌ ခွန်းဘီထူး က ပြောပါတယ်။.......အပြည့်အစုံသို့

 
Aug14

ကုမ္ပဏီများက သိမ်းဆည်းထားသည့် လယ်ယာမြေများ ပြန်လည်ရရှိရေး ဒေသခံတောင်သူ ၂၀၀ ကျော် ထီးချိုင့်မြို့တွင် ဆန္ဒထုတ်ဖော်

စစ်ကိုင်းတိုင်းဒေသကြီး ကသာနှင့် ထီးချိုင့်တွင် ကုမ္ပဏီ များက သိမ်းဆည်းထားသည့် လယ်မြေဧက  တစ်သောင်းခွဲ ကျော် ပြန်လည်ရရှိရေး ဒေသခံ တောင်သူ ၂၀၀ ကျော်က ဩဂုတ် ၁၃ ရက်တွင် ထီးချိုင့်မြို့၌ ဆန္ဒ ထုတ်ဖော်ခဲ့သည်။

ကျေးရွာအုပ်စု ၁၇ ခုရှိ သိမ်း ဆည်းခံလယ်ယာမြေများကို လယ်ယာမြေစိစစ်ရေးကော်မတီ အနေဖြင့် စိစစ်ဆောင်ရွက်ပေး ကာ ဒေသခံတောင်သူများ လက် ဝယ်သို့ ပြန်လည်ပေးအပ်ရန် ဆန္ဒ ပြတောင်းဆိုခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးတင့် ဝေက ပြောသည်။............အပြည့်အစုံသို့

 
Page 3 of 112

တိုင်းရင်းသားများ၏ ရိုးရာဓလေ့ ထုံးတမ်းမြေယာစီမံခန့်ခွဲရေး

မိန့်အာဏာဖြင့် ဇီဝလောင်ဆာထုတ်လုပ်ခြင်း

Click

အဖွဲ့ဝင်ဆိုက်များ

Facebook


လှုပ်ရှားမှုများ

Loading script and Flickr images

ဒါဟာလူထုအတွက်လား

တိုင်းရင်းသားများ၏ ရိုးရာဓလေ့ ထုံးတမ်းမြေယာစီမံခန့်ခွဲရေးမှတ်တမ်း

Karen People Forum (by KORD)

အဖွဲ့ဝင်ထုတ်ပြန်ချက်

Tiger အာဏာရှင်များ၊ စီးပွားရေးသမားများနှင့် ကျားများ
Untitled အမှောင်လွှမ်းနေသောချိုင့်ဝှမ်း
developmentကချင် “ဖွံ့ဖြိုးတိုးတက်ရေး” မှ ကြုံတွေ့ရသော သင်ခန်းစာများ