You are here: Home ဆုံရပ်အကြောင်း
  • Increase font size
  • Default font size
  • Decrease font size
Search

ECDF Burma

ဆုံရပ်အကြောင်း

ဆုံရပ်အကြောင်း

E-mail Print PDF

မြန်မာနိုင်ငံမှ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စုပေါင်းလုပ်ကိုင်နေသော အဖွဲ့ (၇) ဖွဲ့စည်းထားပြီး ၂၀၀၈ ခုနှစ်တွင် ဧရာဝတီမြစ်၀ ကျွန်းပေါ်လူထု ဖွံ့ဖြိုးရေးကွန်ယက် နောက်တစ်ဖွင့် ဖြင့် ပါ၀င်ဖွဲ့စည်းထားသော တိုင်းရင်းသားလူမျိုးများ လူထုဖွံ့ဖြိုးရေး ဆုံရပ် ကို ၂၀၀၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပါသည်။ တိုင်းရင်းသားလူမျိုးများ လူထုဖွံ့ဖြိုးရေးဆုံရပ်အဖွဲ့သည် အခြေခံပြည်သူများပါ၀င် ဆောင်ရွက်လှုပ်ရှားနိုင်ခွင့် ရစေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးတိုးတက်မှုများ ဖြစ်ပေါ်စေရန် ကြိုးပမ်း ဆောင်ရွက်နေသည်။

အဖွဲ့ဝင်များမှာ

  • ကရင်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးရုံး
  • ကရင်နီလူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးရေးပင်မ
  • ကချင်ဖွံ့ဖွံ့ဖြိုးရေးကွန်ယက်
  • ချင်းလူထုဖွံ့ဖြိုးရေးကွန်ယက်
  • ရှမ်းပြည် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း
  • ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး
  • မွန်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ
  • ဧရာဝတီမြစ်ဝကျွန်းပေါ် လူထုဖွံ့ဖြိုးရေးကွန်ယက် အစရှိသော အဖွဲ့ဝင်များပါ၀င်ကြသည်။
  •  

၂၀၀၅ ခုနှစ်တွင် တိုင်းရင်းသား လူမျိုးများ လူထုဖွံဖြိုးရေးဆုံရပ် အဖွဲ့က ဖွံ့ဖြိုးရေးတိုးတက်ရေး ဆိုင်ရာ အောက်ပါ မူကြီး (၃) ရပ်ကို ချမှတ်ခဲ့ပါသည်။

(၁) အခြေခံလူထုပိုင်ဆိုင်ခွင့်ရှိသည့် ဖွံ့ဖြိုးရေး

မျိုးဆက်အဆင့်ဆင့်ကမ်းလှမ်းလာခဲ့သည့်သဘာဝအရင်းအမြစ်များနှင့် အမွေအနှစ်များအား ပိုင်ဆိုင်ခွင့်၊

အသုံးပြုခွင့်၊ စီမံပိုင်ခွင့်နှင့် ဆက် လက်ထိမ်းသိမ်း ပိုင်ခွင့်ရှိရမည်။

 

(၂) ပါ၀င်ဆောင်ရွက်ခွင့်ရှိသည့် ဖွံ့ဖြိုးရေး

လူထုတွင် ၄င်းတို့နှင့် ပက်သက်သည့် မည့်သည့်ဖွံ့ဖြိုးရေး လုပ်ဆောင်မှု (သို့) စီမံကိန်း ၄င်းတို့ကိုယ်တိုင်

လွတ်လပ်သည့် ဆုံးဖြတ်ချက်များ ချမှတ်ပိုင်ခွင့်ရှိရမည်။ထို့အပြင် သာတူညီမျှသည့် အကျိုးအမြတ်ကို ခံစားခွင့်

လည်းရှိရမည်၊ ရရှိထားသည့် သဘောတူညီမှုနှင့် ဘဝနှင့်သက်ရှင် နေထိုင်ရေး လုံခြုံမှု အာမခံချက်အပြည့်အဝရရှိရမည်။

 

(၃) ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးရေး

၄င်တို့၏ ယာဉ်ကျေးမှုအမွေအနှစ်များကို ပျက်စီးဆုံးရှုံးမှု မဖြစ်စေပဲ၊ ၄င်းတို့၏ အနာဂတ် မျိုးဆက်

အတွက် လိုအပ်ချက်များကို လျော့နည်းထိခိုက်မှုမဖြစ်စေဘဲ၊ လက်ရှိ လိုအပ်ချက်များကိုလည်း ဖြည့်

ဆည်းပေးနိုင်စေရန်။

 

၂၀၀၆ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် တိုင်းရင်းသား လူမျိုးများ လူထုဖွံဖြိုးရေး ဆုံရပ် အဖွဲ့က ဒီမိုကရေစီ အတိုက်ခံလှုပ်ရှားမှု၏ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းညှိနှိုင်းရေးဆွဲရေး ကော်မတီသို့ ဤမူကြီး (၃) ရပ်ကို တင်ပြခဲ့သည်။ အခြေခံ လူထု အများပြည်သူ ပိုင်ဆိုင်ခွင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးရေးဆုင်ရာမူများကို စီးပွားရေး၊ လူမှုရေးနှင့် ယာဉ်ကျေးမှု အခွင့်အရေးများ အခန်းကဏ္ဍတွင် ထည့်သွင်းဖော်ပြစေနိုင်ခဲ့ပြီး၊ သဘာဝပတ်ဝန်းကျင် အခန်းကဏ္ဍအောက်တွင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၌ လူအများ ပါ၀င်ဆောင်ရွက်ခွင့်ရရှိရေးမူကို တင်ပြထည့်သွင်းစေနိုင်ခဲ့ပါသည်၊

Last Updated ( Friday, 11 November 2016 08:45 )
 

Facebook


တိုင်းရင်းသားများ၏ ရိုးရာဓလေ့ ထုံးတမ်းမြေယာစီမံခန့်ခွဲရေးမှတ်တမ်း