You are here: Home ထုတ်ပြန်ကြော်ငြာချက်များ
  • Increase font size
  • Default font size
  • Decrease font size
Search

ECDF Burma


ငေါ့ချမ်းခလွင်ပြင်ကို ထိန်းသိမ်းကာကွယ်ခြင်း

E-mail Print PDF

အစီရင်ခံစာ အနှစ်ချုပ်
စိတ်ကို ညို့ယူဖမ်းစားနိုင်သည့် အလှတရားများနှင့် ဇီဝမျိုးကွဲ စုံလင်ပြီး ထောင်ပေါင်းများစွာသော ကချင်ဌာနေ တိုင်းရင်းသားဘိုးဘေးတို့၏ ဌာနစံပျော်ရာ ကချင်ပြည်နယ် အရှေ့ဘက်ခြမ်းနှင့် တရုတ်နိုင်ငံနယ်စပ်ရှိ ငေါ့်ချမ်းခလွင်ပြင်သည် မြန်မာနိုင်ငံ အစိုးရနှင့် တရုတ်ရင်းနှီးမြှုပ်နှံသူများတို့မှ စီမံချက်ဖြင့် အကောင်အထည်ဖော်မည့် အကြီးစား ရေအားလျှပ်စစ်ထုတ်ရေ ကာတာလေးခု၏ ခြိမ်းခြောက်မှုအောက်တွင် ရောက်ရှိနေပါသည်။....အစီရင်ခံစာအပြည့်အစုံသို့alt

Last Updated ( Tuesday, 29 August 2017 09:43 )
 

မြစ်ချောင်းများအတွက် နိုင်ငံတကာလှုပ်ရှားမှုနေ့- မြန်မာမြစ်ချောင်းများဆိုင်ရာကွန်ယက်-BRN သံလွင်ထိန်းသိမ်းကာကွယ်ရေးကွန်ယက်- SSN နှင့် မြန်မာနိုင်ငံသဘာဝပတ်ဝန်းကျင်အလုပ်အဖွဲ့ - BEWG တို့၏ထုတ်ပြန်ကြေငြာချက်

E-mail Print PDF

နိုင်ငံတကာမြစ်ချောင်းများနေ့တွင် နိုင်ငံတဝှမ်းလုံးစုစည်းမှုဖြင့် မြန်မာနိုင်ငံ၏ပဋိပက္ခဇုံအတွင်း တည်ဆောက်မည့်ရေကာတာကြီးများအား ဝိုင်းဝန်းဆန့်ကျင်ကြခြင်း။

မြန်မာအစိုးရနှင့် ကမ္ဘာ့ငွေကြေးအဖွဲ့အစည်းများ၊ ရေအားလျှပ်စစ်စက်မှုယန္ကာရား ဆောက်လုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများသည် မြန်မာနိုင်ငံ၏ပဋိပက္ခဇုံအတွင်းရှိ အဓိကမြစ်ချောင်းများအပေါ် ရေကာတာကြီးများတည် ဆောက်မှုအစီအစဉ်အား လက်မခံသော ဒေသခံလူထုများက မြန်မာနိုင်ငံဒေသအသီးသီးမှစုစည်းကာ ယနေ့ မြစ်ချောင်းများအတွက် နိုင်ငံတကာလှုပ်ရှားမှုနေ့တွင် ကချင်၊ ရှမ်း၊ ရခိုင်၊ ကရင်နီ၊ ကရင် နှင့် မွန် ပြည်နယ်များအတွင်း .....အပြည့်အစုံသို့

Last Updated ( Tuesday, 14 March 2017 04:18 )
 

သတင်းထုတ်ပြန်ချက် (ဇူလိုင်လ ၅ ရက် ၂၀၁၆)

E-mail Print PDF

အစီရင်ခံစာသစ်။ ။မြန်မာနိုင်ငံအတွင်း ရေရှည်တည်တန့်သည့် ရိုးရာဓလေ့ထုံးတမ်းမြေယာ ပိုင်ဆိုင်မှုစနစ်ကိုကာကွယ်နိုင်ရေးအတွက် ဖက်ဒရယ်အစိုးရ ပေါ်ထွန်းလာမှုအပေါ်များစွာ မူတည်နေသည်။

ယနေ့ထုတ်ပြန်သည့် ကျွနု်ပ်တို့၏ဓလေ့ထုံးတမ်းမြေယာ အစီရင်ခံစာသည် တိုင်းရင်းသားလူမျိုးများ လူထုဖွံ့ဖြိုးရေးဆုံရပ်မှမြန်မာနိုင်ငံအစိုးရအား တောင်းဆိုလိုသည်မှာ တိုင်းရင်းသားများ၏ ရိုးရာဓလေ့ ထုံးတမ်းမြေယာစီမံခန့်ခွဲရေးကျင့်သုံးမှုစနစ်ကို အကာအကွယ်ပေးရေးနှင့် ဗဟိုချုပ်ကိုင်မှုမရှိသည့် တရားဝင်မူဘောင််နှင့် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေသစ် အတွင်းသို့ထည့်သွင်းသွားရေးတို့ဖြစ်သည်။

တိုင်းရင်းသားပြည်နယ် (၆)ခု အတွင်းရှိ လူထုရပ်ရွာ (၇) ရွာက ကျင့်သုံးသော ထူးခြားနက်နဲလှသည့်ရိုးရာဓလေထုံးတမ်းမြေယာ စီမံခန့်ခွဲခြင်းဖြင့် ၄င်းတို့၏ ရပ်ရွာလူနေထိုင်မှုဘဝ ရေရှည်ရပ်တည်သွားရေးနှင့်အနာဂတ်မျိုးဆက်သစ်များအတွက် အရင်းအမြစ်များ ရေရှည်တည်တံ့စွာ အသုံးပြုနိုင်သည့်စနစ်တကျ ရိုးရာစီမံမှုများအားဤအစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားပါသည်။

“ဒေသခံလူထုများဟာ ၄င်းတို့ရဲ့လူနေမှုဘဝဖူလုံရေးနဲ့ စိမ်းလန်းတည်တန့်တဲ့ သဘာဝပတ်ဝန်းကျင် အတွက် ၄င်းတို့ကိုယ်ပိုင်ရပ်ရွာစီမံအုပ်ချုပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေရှိတယ် ၄င်းတို့ရပ်ရွာစည်းမျဉ်းဥပဒေ တွေဟာ အမျိုးသားအဆင့်ဥပဒေထက် သူတို့ရွာအတွက်ပိုသင့်လျှော်တယ်” ဟု ECDF သုတေသနအသင်းကို ဦးဆောင်သည့် မိခမွန်း ကပြောပါသည်။

“မြေယာနှင့်ပတ်သက်ပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်များ ချမှတ်ချိန်မှာ ရပ်ရွာအစည်းအဝေး သဘောတူညီချက်ကနေဆုံးဖြတ်တာဖြစ်တယ်” ဟု မိခမွန်း ကဆက်ပြောပါသည်။

Last Updated ( Tuesday, 05 July 2016 11:35 ) Read more...
 

ဓါတ်သတ္တုတွင်းဆိုင်ရာ နှင့် ရိုးရာဓလေ့ထုံးတမ်းမြေယာအခွင့်အရေးအတွက် လူထုလှုပ်ရှားမှု တွေ့ဆုံဆွေးနွေးပွဲမှ ထုတ်ပြန်ကြေငြာချက်

E-mail Print PDF

မြန်မာနိုင်ငံဓါတ်သတ္တုတူးဖေါ်မှုစောင့်ကြည့်ရေးကွန်ယက်

(၂၃ ဇွန်လ ၂၀၁၆) မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်

ဇွန်လ ၂၀ မှ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် ဓါတ်သတ္တုတွင်းဆိုင်ရာ နှင့် ရိုးရာဓလေ့ ထုံးတမ်း မြေယာအခွင့်အရေးအတွက် လူထုလှုပ်ရှားမှု တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်နယ်နှင့်တိုင်း ဒေသ အသီးသီးများမှ ကချင်၊ ကူကီး၊ ကရင်၊ ကရင်နီ၊ ချင်း၊ တအန်း၊ မွန်၊ ရခိုင် နှင့် ရှမ်း လူမျိုးအသီးသီးများ၊ ဓါတ်သတ္တုတွင်းတူးဖေါ်ရေးဆန့်ကျင်လုပ်ရှားနေသောအဖွဲ့များ၊ တောင်သူ လယ်သမားကွန်ယက်များ၊ လူထုအခြေပြုအဖွဲ့အစည်းများ........အပြည့်အစုံသို့

Last Updated ( Wednesday, 08 March 2017 06:54 )
 

ကရင်နီပြည် အရပ်ဖက်လူမှုအသင်းအဖွဲ့များ၏ နိုင်ငံတကာမြစ်ချောင်းများနေ့အပေါ် ထုတ်ပြန်ကြေငြာချက်

E-mail Print PDF

ယခင်စစ်အစိုးရလက်ထက် ၂၀၁ဝခုနှစ်၊ဇန်နဝါရီလတွင် တရုတ်နိုင်ငံ ဒါတန်းကုမ္ပဏီနှင့် အစိုးရတို့မှ ကရင်နီပြည်နယ်အတွင်း လျှပ်စစ်ဓါတ်အား ထုပ်လုပ်နိုင်မည့် ရေကာတာကြီး (၃)ခုကို တည်ဆောက်ရန် နားလည်မှု စာချွှန်လွှာ ရေးထိုးခဲ့ပါသည်။ ၎င်းတို့မှာ ကရင်နီပြည်နယ် ရွာသစ်ကျေးရွာ၏အထက် ဘောလခဲမြို့ နှင့် ၁၄ကီလိုမီတာ အကွာအဝေးတွင် ရှိသော သံလွင်မြစ်ပေါ်တွင် မီဂါဝပ် (၆၀၀) ထုပ်လုပ်နိုင်မည့် ရွာသစ်ရေကာတာ (နောက်ပိုင်းတွင် မီဂါဝပ် ၄၀၀၀ ထုတ်လုပ်ရန် လျာထား) နှင့် ပွန်ချောင်းတွင် (၁၃၀) မီဂါဝပ် ၊သဘက်ချောင်းတွင် (၁၁၀) မီဂါဝပ် စသည်တို့ဖြစ်သည်။ ဤစီမံကိန်းများသည် ဒေသခံပြည်သူလူထု များကို အသိပေးဆွေး နွေးတိုင်ပင်မှု တစ်စုံတစ်ရာ မရှိသည့်အပြင် ပွင့်လင်းမြင်သာမှုမရှိဘဲ ၎င်းတို့အစီအစဉ်အတိုင်း လုပ်ငန်းဆိုင်ရာတိုင်းတာမှုများ ပြုလုပ် ခဲ့သည်။ ဤစီမံကိန်းများ အကောင်အထည်ဖော်ခြင်းသည် လက်ရှိ တိုင်းရင်းသား........အပြည့်အစုံသို့

Last Updated ( Monday, 14 March 2016 04:29 )
 
  • «
  •  Start 
  •  Prev 
  •  1 
  •  2 
  •  Next 
  •  End 
  • »
Page 1 of 2

Facebook


တိုင်းရင်းသားများ၏ ရိုးရာဓလေ့ ထုံးတမ်းမြေယာစီမံခန့်ခွဲရေးမှတ်တမ်း